Aung Khant Zaw
2 min readMar 12, 2020

--

ရောက်တတ်ရာရာ

မလိုအပ်မှု

တစ်ချို့သောအရာတွေက ထူးထူးခြားခြားကောင်းမွန်ဖို့မလိုပါဘူး။ ခုပဲကြည့် မနက်တိုင်းရုံးလမ်းထိပ်ကအသုတ်ဆိုင်ကတော့ဝင်ဝင်စားဖြစ်တယ်။ အရသာကောင်းလို့လဲမဟုတ်သလိုကြိုက်လို့ရယ်တော့လဲမဟုတ်ဘူး ဗိုက်ပြည့်ပြီးကေဆိုပြီး။တစ်ခုခုဆို အစွဲအမြဲထားပြီးစားတတ်တယ် ကိုယ့်အကျင့်ကြောင့်ပဲ။ ကိုယ်သေချာသိတာတစ်ခုတတော့ တစ်ချို့ အရာတွေက အရမ်းကြီးသိသိသာသာ ကောင်းနေစရာမလိုဘူးထင်တာပဲရယ်။

ဒိုင်ကြောင် မနက်

ဒီနေ့မနက်နိုးတော့ စိတ်ထဲနိုးနိုးခြင်း ပေါ်လာတာကတော့။ မနေ့က ကိုယ့်အမ တစ်ယောက်ဆုံးသွားပြီဆိုတာ တစ်ခုပါ့ပဲ။ ဝဋ်ကျွတ်တယ် ပြောရမလားပဲပေါ့ ဖြစ်သမျှ အကြောင်းကောင်းပဲမှတ်ရမှာပေါ့လေ။ ဝဋ်ကျွတ်တယ် ဆိုတာက ဒီလို ကိုယ့်အမတော်(ဝမ်းကွဲ)ဆိုသည်က ကိုယ့် ထပ် ၁ လကြီးတယ် သူလဲ ၂၃ ပြည့်မယ် ကိုယ်လဲ ၂၃ ပြည့်မယ်။ မွေးထဲက ပိုလီယို ရောဂါနဲ့ ကလေး ပုံစံကနေ မတက်လာတဲ့သူ့အတွက် ကိုယ်လဲ စိတ်မကောင်းဖြစ်ရုံလွဲဘာမှမလုပ်ပေးနိုင်ဘူးရယ်။ အဲ့ဒါကြောင့် ဝဋ်ကျွတ်တယ်ပြော။အချိန်ကြာလာရင်တော့ ဒီစိတ်မကောင်းတာကြီးက အဆင်တော့ပြေသွားမယ်ထင်တာပါပဲလေ။

NES ဂိမ်းစက်

ကိုယ်က ဂိမ်းတွေကို မြတ်နိုးတယ်။ နှစ်ခြိုက်တယ် ဂိမ်းစဆော့တတ်တော့ အစစအရာအရာခေတ်နောက်ကျနေတဲ့ ကိုယ်က အဖေယူလာတဲ့ NES လေးက ကိုယ့်ရဲ့ ကမ္ဘာကြီးပဲလေ။ မှတ်မှတ်ရရ အဲ့စက်က color လိုင်းပျက်နေတယ် အဖြူအမဲနဲ့ဆော့ရတာ။ ၂၀၀၄-၂၀၀၅ ဝန်းကျင် နေတဲ့နေရာက ကျောက်တန်းဟိုးဘက်က တံတားဆိုတဲ့ ရွာကလေးမှာ အဖေတာဝန်ကျလို့လိုက်နေတော့ မီးကလဲရှယ်ပျက်ပဲ ဂိမ်းဆော့ရတယ်ဆိုတာမရှိ ဆော့ရလဲ ညီအကို၃ယောက်ဆိုတော့ ကိုယ့်အလှည့်ရောက်တာခပ်နဲနဲ ကိုယ်ဆော့ရင်သေတာမြန်တာကိုး သူတို့ဆီပြန်ရောက် တာပါပဲ။ ကိုယ့်ဖေဖေနဲ့ မေမေအကြိုက်ဆုံးကတော့ Mario နဲ့ Galaga ပဲ အဖေတာဝန် နားနေ့လည်အိမ်ပြန်လာရင် အမေနဲ့တူတူဆော့လေ့ရှိတယ်။ နောက် ကိုယ်မှတ်မိတာကတော့ ကိုယ့်အကိုတွေနဲ့ ကိုယ်တွေ အမြဲဆော့ဖြစ်တဲ့ Aladdin, Battle City, Legend of kage ပါပဲ။ အဲ့တုန်းက တံတားရွာကနေ ကျောက်တန်းကို သွားဖို့ မနက်ပိုင်း စက်လှေ ထစီးရတယ် မနက် ၃နာရီလောက်ကိုထစီးရတာ အဲ့ချိန်ကျ ကိုယ်တွေအလှည်ကျ ရေချိူးနေရင် တစ်ယောက်တစ်လှည့် မနက်အစောကြီး မီးလာတုန်းပြေးဆော့ရတဲ့ Legend of Kage theme songကို ကြားရတာကလဲ ကိုယ့်ငယ်ဘဝ ရင်ခုန်စရာတစ်ခုပါပဲ။

--

--

Aung Khant Zaw
Aung Khant Zaw

No responses yet