Thought about the Linux-Powered Handheld Consoles

Aung Khant Zaw
3 min readMar 19, 2024

--

ကျွန်တော်ဒီလထဲ မှာ အပျင်းပြေဆော့ဖို့အတွက် retro ဂိမ်းလေးတွေဆော့ဖို့ အတွက်ကို စက်တစ်လုံးဝယ်ဖြစ်တယ် လိုက်ရှာဖတ်ပြီး ပြည်တွင်းမှာ ရှိတဲ့ထဲက ကိုယ် ကလိလို့ကောင်းမယ့် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ Anbernic RG353v ဝယ်လိုက်တယ်။ အဲ့ကနေ တဆင့် SBC Gaming အကြောင်းတွေ နဲနဲ လိုက်ရှာဖွေ့ကြည့်ရင်း အတော်တော်ရှည်လျှားတဲ့ဇာတ်လမ်းတွေစတော့တာပါပဲ။

A little bit about RG353V

ပြောရရင် RG353Vအကြောင်း generic ပြောကြည့်မယ် သူက ARM cpu based deviceပဲ Rockchip RK3566ကိုသုံးထားတယ် CPU cluster မှာ cortex a55 x4ပါတယ် GPUကတော့ ပုံမှန် ARM ရဲ့ generic ARM G52 2EE( Bifrost 2nd gen) ကိုသုံးထားတယ် RAM အနေနဲ့ကတော့ LPDDR4 2GBကို ပါတယ် EMMC ကတော့ပါတယ် 5.1ကိုသုံးထားတယ်(အဲ့ထဲမှာ Android ပါတယ် 11ထင်တယ် boot ကို မတက်ဖြစ်တော့သေချာမသိ)။ Anbernic RG353Vရဲ့ထူးခြားချက်က တော့ dual Os( dual boot ပါတာပဲ) ပြောရရင် RG353vမှာ sd card slot နှစ်ခုပါတယ် တစ်ခုက Linux အတွက်သုံးတာ second slot က ဂိမ်းဖိုင်တွေထားဖို့အတွက်သုံးတာဒါပါပဲ။ Orginalအနေနဲ့ SD card 16GB ပါတယ် အဲ့ထဲမှာ က တော့ arch based ကို modify လုပ်ထားတဲ့ anbernic osထည့်ထားတယ်။ immutable distro အနေနဲ့ ချုပ်ထားတော့ ဘာမှတော့ပြင်လို့မရဘူး။ ဂိမ်းတွေကို emulationလုပ်တဲ့အခါမှာ တော့ Linux sideမှာဆို pspတို့ dreamcast လောက်ထိ လုပ်လို့ရတယ် သေချာ ချောချောမွတ်မွတ်ပေါ့ n64ကတေ့ာandroid sideမှာအတော် tinkerလုပ်မှ fps dropမဖြစ်သိပ်တော့ အဆင်မပြေဘူး။ ဒါကတော့ သာမာန် အကြမ်းဖြင်း ပေါ့ ကျွန်တော့လက်ထဲမှာရှိတဲ့ device အတွက်ပြောတာ။

Down to the Rabbit Hole Shall We?

RG353ကို အတွက် Osတွေ သက်သက်ထုတ်ထားတာ တွေတော့ရှိတယ် ကျွန်တော်သုံးဖြစ်နေတာက တော့ Ark Os ပဲ ubuntu-arm64–19.10 အပေါ်မှာ based ထားတာဖြစ်ပြီး လက်တင်သုံးအခြေနေ ပါပဲ။ ကျန်တဲ့ Jel Os(ခုတော့ကြောက်လို့ထင်တယ် almost discontinued after :3 yakuza company lawsuit) တော့ရှိသေးတယ် ပြန်တင်သုံးချင်ရင်။ အဲ့မှာပြသနာက စတာ ကျွန်တော်က mainline kernel လဲသုံးချင်ပြီး vulkan support ပါရအောင် လုပ်ချင်တာပဲ ဖြစ်ချင်တော့ ရှိသမျှ Osတွေက BSP ပေါ်မှာပဲ ဦးတည်ပြီး build ထားကြတာ RG353vက odroid ရဲ့ devkitတွေအပေါ် မူတည်ပြီး ဆောက်ထားတဲ့ SBC game console တစ်ခုပဲ anbernicမှ ကူးတာလားတော့မဟုတ် ခုလက်ရှိစျေးကွက်ထဲ arm ကို linux distroပြောင်းတင်လို့ရတဲ့ စက်တော်တော်များများက hardkernel ( odroid) ရဲ့ kit cloneတွေပဲ ။BSP ဆိုတာက manufacturer ကထုတ်လိုက်တဲ့ သူတို့စက်နဲ့ ကိုက်တဲ့ kernel versionနဲ့ deviverတွေနဲ့ပဲ အလုပ်လုပ်နေတာ bsp ရဲ့ အဓိက drawbackကဘာလဲဆို အသစ်သစ်သော performance optimization တွေမရတဲ့အပြင် တွန့်လိန်တွန့်လိမ်ဖြစ်နေကော mainline ရတဲ့ကောင်ကဘာအားသာလဲဆိုတော့ driver အသစ်အသစ်တွေ optimizationအသစ်တွအပြင်စိတ်ကြိုက် tweakစမ်း ဘာကြောင့်လဲဆိုတော့ လက်ရှိ mainlineပေါ်ရောက်တဲ့ deviceတွေက Linux kernel Community လူပေါင်းများစွာ ဝိုင်းcontributeလုပ်တဲ့ kernelတွေ driverတွေ ရဲ့ benifitကို အချိန်တိုင်းရနေနိုင်တဲ့ deviceတွေဖြစ်တာပါပဲ။

အဲ့မှာပြောချင်တာက တော့ သူ့အတွက် ထုတ်ထားတဲ့ distroတော်တော်များများက kernelဆိုလဲအတော် outdateဖြစ်နေတဲ့ အပြင် vulkanပါမရတော့ နဲနဲတော့ ခီးတာပေါ့။ လုပ်လို့ရလားဆိုတော့ ရတယ် vulkan 1.0ကို supportလုပ်ထားတယ်တော့ရေးထားပေမယ့် kernel က BSP ပဲရှိနေတော့ သိပ်တော့ အဆင်မပြေလှဘူး။ လုပ်လို့ရလားဆိုတော့ရကောင်းရနိုင်တယ်odroid-m1s ကလို ဟာမျိုးကို portရင်တော့ရနိုင်ပါတယ်။ ဒီ portလုပ်တဲ့အကြောင်းတွေတော့ နောက်ခါအလျဥ်းသင့်သလိုရေးပါဦးမယ်။

ရွေးချယ်ခြင်း

လက်ရှိစျေးကွက်ထဲမှာတော့ retro handheldတွေအများကြီးရှိပေမယ့် တင်းပြည့်မတ်ပြည့်ရွေးတာခတ်လှပါတယ်။ ကျွန်တော်လက်ရှိ မြင်ရသလောက်ဆို စျေးကွက်ထဲမှာ miyoo mini plusနဲ့ anbernic rg353vကို တော့ ဆိုင်အတော်များများ ရောင်းနေတာတွေ့ရပါတယ်။ ကျွန်တော့အမြင်ကတော့ miyoo miniplusမှာပါတဲ့ ARM Cortex A7 dual-core processor က က သာမာန် 4th gen gameတွေ emulateလုပ်နိုင်တာလောက်သာရှိပြီး ကျန်တဲ့ tinkering process ကတော့ onion osတော့ရှိပါတယ်။ဒါပေမယ့် သာမာန်userအတွက်ဆိုရင်တော့အဆင်ပြေပြီး tinkeringအတွက်ကျအဆင်မပြေလှပါဘူး။ သာမာန်userတွေနဲ့အဆင်ပြေမယ်သာပြောတာပါ ဂိမ်းထည် biosထည့်ကျရင် end userတွေ အနေနဲ့ တိုင်ပတ်ကောင်းပတ်နိုင်ပါသေးတယ်။

ခင်ဗျားဟာ ကျွန်တော့လို tinkeringလုပ်ရတာ ကြိုက်ရင်တော့ rg353v အစပြုလို့ နောက်နိုင်ငံခြားက မှာရင်ရနိုင်တဲ့ powerkiddy rgb10max3 pro ကိုဝယ်ယူစေချင်ပါတယ် mainline kernel ဖြစ်ပြီး vulkan supportတဲ့အပြင်ကို Jelos ကတိုက်ရိုက်ထောက်ပံ့တာမို့ပါ။ နောက်ထပ်ရှိသေးတဲ့ RK3399နဲ့ ထုတ်တဲ့ deviceတွေအပြင်

အဲ့လိုမှမဟုတ်ပဲ အားချန်ပေါတဲ့သူများဆိုရင်တော့ Linux handheld တွေရဲ့ holy grail ဖြစ်တဲ့ Steam Deck ကိုဝယ်နိုင်ပါတယ်။ Steam deckမှာဆိုရင်တော့ Community Support အရမ်းကောင်း steam osကိုယ်တိုင် ကိုက customized archဖြစ်ပါတယ် ကျန်တဲ့ community support distroလဲပြောင်းတင်လို့ရပါတယ်။ ဒါ့အပြင် vulkanနဲ့ AMD ရဲ့ FSRကြောင့် triple AAAတွေကိုလဲ ပေါ့ပေါ့ပါးပါးဆော့လို့ရပါသေးတယ်။ နောက် emustationသွင်းပြီး သိပ်အာရုံမစားပဲ emuationလုပ်လို့ရနိုင်တာလဲ အားသာချက်တစ်ခုပါပဲ။ Driver Supportကတော့ ပြောမနေပါနဲ့ Linux powered handheldထဲမှာဆိုရင်superb လို့ပြောလို့ရတဲ့ခြေနေပါ။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် retro handheldsတွေများလာတဲ့အချိန်မှာ ကိုယ့်အနေနဲ့ Linux ကိုလဲ သဘောကျတယ် ဂိမ်းတွေကိုလဲမြတ်နိုးတယ်ဆိုရင် စဥ်းစားတွေးစရာလေးတွေ အနေနဲ့ Driver support/ Community Supportအစရှိသည်တွေထည့်တွက် ရအောင်ပြောပြချင်တာပါပဲ။ နောက် user-friendly ဖြစ်တာပါ ကျွန်တော်ကတော့ ဒီ processတွေနဲ့ ရင်းရင်းနှီးနှီးရှိနေတော့ သိပ် အခက်အခဲမရှိလှပါဘူး သာမာန် userတွေ ဒီစက်လေးတွေဝယ်ပြီးပြန်ရောင်းကြတာ အတော်များများတွေ့ပါတယ် အဓိက ပြသနာကတော့ ထပ်ပြီး ဂိမ်းမထည့်တတ်လို့ပါ :3 ။ ပြသနာအစက တော့ အသပြာမန်း တွေမစားရဝခမန်း sponsor ရတိုင်း အာချောင်တာလဲပါတာပါပဲ။ အပေါ်မှာပြောခဲ့သလိုပဲ ဒီစက်လေးတွေဝယ်ရင်တော့ တစ်ချက် youtubeတွေမှာ တီးမိခေါက်မိကြည့်ပြီးလိုက်လုပ်တတ်ဖို့တော့အနည်းငယ်လိုပါတယ်။ ကျွန်တော် အနေနဲ့ refrenceလုပ်စရာ channelပြောရမယ်ဆိုရင်တော့ RetroGameCorps ကတော့ အတော် လေး သေသေသပ်သပ်ရှင်းပြတာကိုတွေ့ရပါတယ်။ ကျွန်တော်ပြောပြတဲ့ ဟာလေးတွေက အကြမ်းဖျင်းပဲရှိပါသေးတယ် ဒါမှ အာရုံမနောက်ချင် ဂိမ်း တွေဂွိဂွက် ဆော့ချင်ရင်တော့ nintendo switch ဝယ်ဆော့တာ ပိုစိတ်ချမ်းသာရရပါလိမ့်မယ် အားချန်တော့ ကုန်တာပေါ့လေ။ ဒီခါတော့ဒီလောက်နဲ့စိတ်ကြေနပ်မှုရပါလိမ့်မယ် ထင်ပါတယ် အားလုံးပဲ သေချာရွေးချယ်ဝယ်ယူနိုင်ကြပါစေကွယ်။ :3 (typoများသည်းခံပေးပါရန်)

All the Best,

Nak Nak

--

--

Aung Khant Zaw
Aung Khant Zaw

No responses yet